back

ထိုင်းတွင် မြန်မာလုပ်သား ၁၈ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်သည့် အလုပ်ရှင်အား တရားစွဲမည်

Feb 03 • 3:25 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် မြန်မာလုပ်သား ၁၈ ဦးကို အကြောင်းမဲ့ အလုပ်ထုတ်သည့် အလုပ်ရှင်အား တရားစွဲမည်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၁၈ ဦးကို အကြောင်းမဲ့အလုပ်ထုတ်ခဲ့သည့် အလုပ်ရှင်အား ထိုင်းဥပဒေအရ တရားစွဲဆိုရန် MHAC အဖွ...

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ ကားအပိုပစ္စည်းစက်ရုံတစ်ခုမှ မြန်မာအလုပ်သမား ၁၈ ဦးကို အကြောင်းမဲ့အလုပ်ထုတ်ခဲ့သည့် အလုပ်ရှင်အား ထိုင်းဥပဒေအရ တရားစွဲဆိုရန် MHAC အဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် မေလကတည်းက အလုပ်ထုတ်ခံခဲ့ရသည့် အဆိုပါအလုပ်သမားများအတွက် နယ်မြေခံအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံး (ဆဝါဒီကန်) က အလုပ်ရှင်တွင် အပြစ်ရှိကြောင်းနှင့် နစ်နာကြေးများ ပြန်လည်ပေးဆောင်ရန် အမိန့်စာထုတ်ပြန်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ လာရောက်ညှိနှိုင်းခြင်းမရှိသဖြင့် ယခုကဲ့သို့ တရားစွဲဆိုရန် ဆက်လက်လုပ်ဆောင်ခြင်းဖြစ်သည်။ လက်ရှိတွင် ခရိုင်မြို့တော်ဝန်ထံသို့ စာတင်ထားပြီး အမှုပြီးဆုံးသည်အထိ MHAC အဖွဲ့က လိုက်ပါကူညီပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16