back

ရှစ်နှစ်တာကာလအတွင်း လေပြင်းဒဏ်ခံနိုင်ရန် နေအိမ် ၈၆,၀၀၀ ကျော်ကို နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ပံ့ပိုးပေးခဲ့

Feb 03 • 3:28 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှစ်နှစ်တာကာလအတွင်း လေပြင်းဒဏ်ခံနိုင်ရန် နေအိမ် ၈၆,၀၀၀ ကျော်ကို နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်ပံ့ပိုးပေးခဲ့

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာအတွင်း နေအိမ်ပေါင်း ၈၆,၀၀၀ ကျော်ကို လေပြင်းဒဏ...

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အထိ ၈ နှစ်တာအတွင်း နေအိမ်ပေါင်း ၈၆,၀၀၀ ကျော်ကို လေပြင်းဒဏ်ခံနိုင်ရည်ရှိစေရန် နည်းပညာပိုင်းဆိုင်ရာများ ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လွန်ခဲ့သည့် ၁၁ နှစ်တာအတွင်း လေပြင်းဘေးကြောင့် နေအိမ် ၂၅၀,၀၀၀ ကျော် ပျက်စီးခဲ့ရာ အဆိုပါဝန်ကြီးဌာနသည် ဆောင်းအကုန်နွေအကူးနှင့် မုတ်သုံမတိုင်မီကာလများ၌ ခိုင်ခံ့မှုအားနည်းသော နေအိမ်များကို ဦးစားပေးရွေးချယ်ကာ ဒေသခံများနှင့် ပူးပေါင်း၍ အားဖြည့်မွမ်းမံပြင်ဆင်မှုများ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်သူများအနေဖြင့် လေပြင်းတိုက်ခတ်နေစဉ် သတိပြုလိုက်နာရန်အချက်များနှင့် နေအိမ်ကြံ့ခိုင်မှုပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများကိုလည်း အသိပေးနှိုးဆော်ထားကြောင်း သိရှိရပါသည်။

news-view-count-icon

23