back

တာချီလိတ်၌ အွန်လိုင်းမှ လိုင်စင်မဲ့ကားရောင်းချသူများကို ရဲက အသွင်ယူဖမ်းဆီး၊ လူ ၅ ဦး ကား ၃ စီး အဖမ်းခံရ

Feb 03 • 3:22 AM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်၌ အွန်လိုင်းမှ လိုင်စင်မဲ့ကားရောင်းချသူများကို ရဲက အသွင်ယူဖမ်းဆီး၊ လူ ၅ ဦး ကား ၃ စီး အဖမ်းခံရ

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (Without) ရောင်းချနေသူများကို ရှမ်းပြည်နယ်၊တာချီလိတ်ရဲတပ်ဖွဲ့ဝင်များက ဝယ်ယူသူအဖြစ် ရုပ်ဖျက်အသွင်ယူကာ ဖ...

လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် (Without) ရောင်းချနေသူများကို ရှမ်းပြည်နယ်၊တာချီလိတ်ရဲတပ်ဖွဲ့ဝင်များက ဝယ်ယူသူအဖြစ် ရုပ်ဖျက်အသွင်ယူကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဟောင်လိတ်နယ်မြေရဲစခန်းမှ စခန်းမှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များသည် ကားဝယ်ယူမည့်သူအဖြစ် အသွင်ယူကာ Facebook ပေါ်တွင် ကားရောင်းချသူများနှင့် ချိတ်ဆက်ခဲ့သည်။ ထို့နောက် ကားလာရောက်ရောင်းချသူများကို တာချီလိတ်မြို့အဝင် ဆိုင်းဘုတ်အနီးရှိ ဆေးခန်းရပ်ကွက်အတွင်း၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးစဉ်အတွင်း အွန်လိုင်း၌ ကြော်ငြာရောင်းချရာတွင် အသုံးပြုသည့် ဖုန်းများကိုပါ သိမ်းဆည်းခဲ့ပြီး ၎င်းတို့ကို ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ (၈) ဖြင့် အမှုဖွင့်အရေးယူထားသည်။

news-view-count-icon

18