back

မဲဆောက်မြို့တွင် တားမြစ်ထားသော လုပ်ငန်းများ လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

Feb 03 • 3:22 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက်မြို့တွင် တားမြစ်ထားသော လုပ်ငန်းများ လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ၆ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့တွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်လုပ်ငန်းများဖြစ်သော ဈေးဆိုင်၊ စက်ချုပ်ဆိုင်၊ စက်ဘီးပြင်ဆိုင်နှင့် ...

ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့တွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်လုပ်ငန်းများဖြစ်သော ဈေးဆိုင်၊ စက်ချုပ်ဆိုင်၊ စက်ဘီးပြင်ဆိုင်နှင့် အေဂျင်စီလုပ်ငန်းများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား (၆) ဦးကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ဖမ်းဆီးအရေးယူခဲ့ကြောင်း တာ့က်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် ဖမ်းဆီးခံရသူများကို မဲဆောက်ရဲစခန်း၌ ထိန်းသိမ်းထားပြီး ထိုင်းဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ မဲဆောက်မြို့၌ တရားမဝင် မြန်မာအလုပ်သမားများနှင့် သတ်မှတ်ထားသော စည်းကမ်းချက်များအား ဖောက်ဖျက်သည့် လုပ်ငန်းလုပ်ကိုင်သူများကို ထိုင်းအာဏာပိုင်များက နေ့စဉ် စစ်ဆေးဖမ်းဆီးမှုများ ပြင်းထန်စွာ ဆောင်ရွက်လျက်ရှိကြောင်း ဒေသခံသတင်းများအရ သိရှိရပါသည်။

news-view-count-icon

23