back

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

Feb 03 • 3:21 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ကားတိုက်ခံရပြီးသေဆုံး

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ အမွှေးဆီစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၈ နှစ်အရွယ် မသက်သက်အောင်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက အလုပ်သွားရန် လမ်းဖြတ်ကူးစ...

ထိုင်းနိုင်ငံ၊ ပထုံဌာနီမြို့ရှိ အမွှေးဆီစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၈ နှစ်အရွယ် မသက်သက်အောင်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက အလုပ်သွားရန် လမ်းဖြတ်ကူးစဉ် ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသော ကားဖြင့် တိုက်မိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှ လာရောက်လုပ်ကိုင်နေသည့် ၎င်းမှာ ကားတိုက်ခံရမှုကြောင့် ရရှိသော ပြင်းထန်ဒဏ်ရာများဖြင့် ဆေးရုံ၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး၊ ကျန်ရစ်သူ ၃ နှစ်အရွယ် သမီးငယ်လေးနှင့် မိသားစုဝင်များအတွက် ထိုင်းရောက် မြန်မာလုပ်သားအရေး ဆောင်ရွက်ပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့နှင့် LPN ဖောင်ဒေးရှင်းတို့က ထိုင်းဥပဒေနှင့်အညီ နစ်နာကြေးနှင့် အမှုကိစ္စများကို လိုက်ပါကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

13