အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာမရာဇဝတ်မှုများဖြင့် စွပ်စွဲခံခဲ့ရသူ ဂျက်ဖရီအက်ပ်စတိန်း၏ ပုဂ္ဂလိကပိုင်ကျွန်းသို့ တစ်ကြိမ်တစ်ခါမျှ မသွားရောက်ခဲ့ဖူးကြောင်းနှင့် ထိုသို့သွားရောက်ခဲ့သည်ဟု Grammy ဆုပေးပွဲတွင် နောက်ပြောင်ပြောဆိုခဲ့သည့် လူရွှင်တော် Trevor Noah ကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ၎င်း၏ Truth Social လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ဖော်ပြောကြားလိုက်သည်။ ထရမ့်က ၎င်းအနေဖြင့် အဆိုပါကျွန်းအနီးသို့ပင် မသီဖူးကြောင်းနှင့် သမ္မတဟောင်း ဘီလ်ကလင်တန်အတွက်မူ ၎င်းအနေဖြင့် အာမမခံနိုင်ကြောင်း ပြောဆိုခဲ့သည့်အပြင်၊ Trevor Noah ၏ ပြောကြားချက်မှာ အသရေဖျက်မှုနှင့် မှားယွင်းသော သတင်းစကားသာဖြစ်သဖြင့် ၎င်း၏ ရှေ့နေများမှတစ်ဆင့် တရားရင်ဆိုင်ရန် ပြင်ဆင်ထားရန်ပါ သတိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Feb 03 • 3:20 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |



