ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၌ မန္တလေးငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် သမိုင်းဝင် သုံးပန်လှအုတ်ကျောင်းတော်ကြီးကို အသစ်ပြန်လည်ပြုပြင်တည်ဆောက်နေမှုများအား တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဖေဖော်ဝါရီ ၁ ရက်တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် ဝန်ကြီးချုပ်သည် ပြည်မြို့တွင်းရှိ မြောက်စောင်းတန်းလမ်းနှင့် ရန်ကုန်-ပြည် ကားလမ်းပိုင်းများအား လမ်းချဲ့ခြင်း၊ အဆင့်မြှင့်တင်ခြင်းနှင့် ပလပ်ဖောင်များ ပြန်လည်ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ လမ်းဧရိယာများ သတ်မှတ်ထားရန်၊ လျှပ်စစ်နှင့် ဖုန်းတိုင်များ ကြိုတင်ပြောင်းရွှေ့ရန်နှင့် လမ်းဧရိယာအတွင်း ကျူးကျော်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။
Feb 03 • 3:19 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 28 | 0 | 0 | 0 |


