၂၀၂၄-၂၅ ရာသီ ဥရောပချန်ပီယံ အာဆင်နယ်အမျိုးသမီးအသင်းသည် ယခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပသည့် ဖီဖာအမျိုးသမီးချန်ပီယံဖလား (FIFA Women’s Champions Cup) ပြိုင်ပွဲ၌ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းကို အချိန်ပိုတွင် အနိုင်ရကာ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့သည်။ ကမ္ဘာ့အဆင့် ကလပ်အသင်း (၆) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တွင် အာဆင်နယ်က AS FAR အသင်းကို (၆-၀) ဂိုးဖြင့် အပြတ်အသတ်အနိုင်ရခဲ့ပြီး၊ ဗိုလ်လုပွဲ၌ ကိုရင်သီယန်နှင့် မိနစ် ၉၀ အတွင်း (၂-၂) ဂိုး သရေကျနေသော်လည်း အချိန်ပိုတွင် အနိုင်ဂိုးသွင်းယူကာ အမ်းမရိတ်စ်ကွင်း၌ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ချန်ပီယံဆုနှင့်အတူ ဆုကြေးငွေ ပေါင် (၁.၇) သန်း ရရှိခဲ့သည့်အပြင် အသင်း၏ နော်ဝေတိုက်စစ်ကစားသမား ဖရီဒါမာနမ်ကလည်း ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရှိရပါသည်။
Feb 03 • 3:23 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 15 | 0 | 0 | 0 |


