ဘန်ကောက် တရုတ်တန်းလို့ နာမည်ကြီးတဲ့ Yaowarat လမ်းက နာမည်ကြီး တရုတ်နှစ်သစ်ကူးပွဲကို မယ်တော်သီရိခေတ် နတ်ရွာစံခြင်း အထိမ်းအမှတ် ဝမ်းနည်းခြင်းကြောင့် ဖျက်သိမ်းလိုက်ပါတယ်။ မနေ့က ထုတ်ပြန်တဲ့ ဒီကြေညာချက်မှာ ဖေဖော်ဝါရီ ၁၇-၁၈ မှာ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ နှစ်သစ်ကူးပွဲတော်ကို မကျင်းပတော့ဘဲ၊ မယ်တော်သီရိခေတ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ လေးစားသော အားဖြင့် ဖျက်သိမ်းလိုက်တာပါ။ခရိုင်တာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ တရုတ်နှစသစ်ကူးဆိုတာ သက်ဝင်လှုပ်ရှားတဲ့ အစီအစဥ်၊ ပွဲတော်တွေရှိတဲ့ ကာလဖြစ်ပေမယ့် လက်ရှိမှာ ထိုင်းတစ်နိုင်ငံလုံး ဝမ်းနည်းကာလဖြစ်လို့ ပျော်ရွှင်သင့်တယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ယူဆလို့ ဖျက်သိမ်းလိုက်တာပါ။ အခုလို ပွဲဖျက်သိမ်းပေမယ့် Yaowarat လမ်းကို လူတွေ ဆက်လာဦးမယ်လို့ ယူဆပြီး မုန့်တွေ ရောင်းတာတွေ၊ တရုတ်နှစ်ကူးမုန့် ရောင်းတာတွေရှိဦးမှာပါ။



