စင်ကာပူနိုင်ငံသား အသက် ၃၈ နှစ်အရွယ် Poh Jing Yang ဆိုသူဟာ သေနတ်ပုံစံ မီးခြစ်နဲ့ မိသားစုဝင်တွေကို ခြိမ်းခြောက်ခဲ့တဲ့အပြင် ခွင့်ပြုချက်မရှိဘဲ ကစားစရာ သေနတ်အမြောက်အမြား လက်ဝယ်ထားရှိမှုကြောင့် ထောင်ဒဏ် ၁၄ လနဲ့ ငွေဒဏ် စင်ကာပူဒေါ်လာ ၆,၅၀၀ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပါတယ်၊၊ ဖြစ်စဉ်ကတော့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညပိုင်းမှာ Poh ဟာ သူ့ဦးလေးဖြစ်သူရဲ့ အိမ်ကိုသွားပြီး ဆဲဆိုကြိမ်းမောင်းခဲ့တာကနေ စတင်ခဲ့တာပါ၊၊ အဲဒီနောက် စကားများကြရာမှာ သူက အိတ်ထဲကနေ အနက်ရောင် ပစ္စတိုသေနတ်ပုံစံ မီးခြစ်ကို ထုတ်ပြီး ဦးလေးနဲ့ ဝမ်းကွဲဖြစ်သူကို ချိန်ရွယ်ကာ "ငါ မင်းတို့ကို ပစ်သတ်လိုက်မယ်" လို့ တရုတ်စကားတွေနဲ့ အော်ဟစ် ခြိမ်းခြောက်ခဲ့ပါတယ်၊၊ ဦးလေးနဲ့ ဝမ်းကွဲဖြစ်သူတို့ဟာ အသက်အန္တရာယ် စိုးရိမ်တာကြောင့် အိမ်တံခါးပိတ်ပြီး ပုန်းနေခဲ့ကြရပါတယ်၊၊ရဲတပ်ဖွဲ့က သူ့ကို အဲဒီနေ့ညမှာပဲ ဖမ်းဆီးခဲ့ပြီး အိမ်မှာ သိမ်းဆည်းထားတဲ့ Airsoft ပစ္စတို ၂ လက်နဲ့ လေးမြှားသေနတ်ပုံစံ ကိရိယာတွေကို သိမ်းဆည်းခဲ့ပါတယ်၊၊
Feb 03 • 1:40 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 7 | 0 | 0 | 0 |


