ဘန်ကောက်ကို စျေးဝယ်ဖို့လာတဲ့သူတွေ သီးသန့်တစ်ရက်ကိုဖယ်ပြီးသွားရတဲ့ စျေးကြီးကိုပြပါဆိုရင် ဒီ Chatuchak စျေးကို ပြရမှာပါ။ ဒီစျေးက စနေ၊ တနင်္ဂနွေ နှစ်ရက်ပဲဖွင့်တဲ့ Weekend Market ဆိုပေမဲ့ အထဲမှာ အင်္ကျီ၊ ဖိနပ်၊ ကလေးပစ္စည်း၊ လူသုံးကုန်၊ စားသောက်ကုန် စသဖြင့် ဝယ်စရာ စုံစုံလင်လင်ကိုမှ လက်ကားစျေး၊ အသက်သာဆုံးစျေးနှုန်းတွေနဲ့ ဝယ်ယူနိုင်မဲ့နေရာဖြစ်ပါတယ်။ စျေးကြီးရဲ့ အကျယ်အဝန်းဟာဆိုရင်လည်း ဘောလုံးကွင်း ၂၆ ကွင်းစာလောက်ကို ကျယ်တယ်လို့ပြောကြပြီး စျေးဆိုင်တွေအနေနဲ့လည်း ဆိုင်ပေါင်း ရှစ်ထောင်ကျော်လောက်ရှိပါတယ်။ စျေးကြီးက ဘယ်လောက်ကြီးပြီး ဘယ်လောက် စည်သလဲဆိုရင် စျေးဝယ်တဲ့သူတွေတောင် လမ်းတွေပျောက်တဲ့အထိပါပဲ။ ပစ္စည်းအမျိုးအစားစုံစုံလင်လင်ကိုဝယ်ယူနိုင်လို့ စျေးဖွင့်ရက်တိုင်းက ဝယ်ယူသူတွေနဲ့ ကြိတ်ကြိတ်တိုးစည်ကားနေတဲ့ စျေးကြီးဆိုလည်း မမှားပါဘူး။ 
ထိုင်း၌ နေ့တစ်ဝက်လောက်ပတ်ရင်တောင် ဝင်စရာဆိုင်မကုန်တဲ့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးစျေး Chatuchak Market
Feb 03 • 1:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


