မန္တလေးမြို့ရှိ မော်တော်ကားဈေးကွက်အတွင်းတွင် ကားဈေးနှုန်းများမြင့်တက်လာခဲ့သော်လည်း အရောင်းအဝယ်ဖြစ်မှုလည်း များပြားလာကြောင်း ဒေသခံကားပွဲစားများထံမှ သိရသည်။ပြည်တွင်းရွှေဈေးနှုန်းများမြင့်တက်လာပြီး ဝယ်ယူရခက်ခဲလာမှုကြောင့် ဇန်နဝါရီလအလယ်ပိုင်းမှစတင်ကာ မော်တော်ကားရောင်းဝယ်မှုများ ပိုမိုအလုပ်ဖြစ်လာခြင်းဖြစ်သည်။"ဈေးတွေလည်းတက်နေတဲ့ကြားကကို အရောင်းအဝယ်ကနေ့တိုင်းလိုလိုရှိနေတာ၊ ငွေရှိတဲ့သူတွေက ရွှေထက် ကားဖက်ကိုပိုပြီးစိတ်ဝင်စားလာကြတယ်"ဟု မဟာအောင်မြေမြို့နယ်မှ ကားပွဲစားတစ်ဦးက ပြောသည်။အရောင်းအဝယ်ဖြစ်နေခြင်းကြောင့် လက်လွှဲရောင်းချရုံဖြင့် အကျိုးအမြတ်လည်းများနေသည့်အတွက် ကားစျေးကွက်တွင် မြှုပ်နှံလုပ်ကိုင်သူလည်းများလာခဲ့သည်။ထို့အပြင် မီနီအိုးဝေသုံးဘီးယာဥ်များမှာလည်း ဈေးနှုန်းများမြင့်တက်လာပြီး ယခင်ကထက် ဝယ်ယူသူများပြားလာကြောင်း ဆက်လက်သိရသည်။
Feb 03 • 1:36 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 16 | 0 | 0 | 0 |


