back

ရန်ကုန်တွင် ဆန်အရောအညံများကို ရွှေဘိုပေါ်ဆန်းဟုဆိုကာ အုပ်စုဖွဲ့လိမ်လည်ရောင်းချမှုရှိနေ

Feb 03 • 1:35 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ဆန်အရောအညံများကို ရွှေဘိုပေါ်ဆန်းဟုဆိုကာ အုပ်စုဖွဲ့လိမ်လည်ရောင်းချမှုရှိနေ

ရန်ကုန်မြို့ ရပ်ကွက်များအတွင်း ဆန်အရော၊ အညံများကို ရွှေဘို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်ထရပ်ကားဖြင့် လှည့်လည်၍ လိမ်လည်ရောင်းချမှုများရှိနေကြောင်း ကိုယ်တိုင်အလိမ်ခံ...

ရန်ကုန်မြို့ ရပ်ကွက်များအတွင်း ဆန်အရော၊ အညံများကို ရွှေဘို ပေါ်ဆန်းမွှေးဟုဆိုကာ လိုက်ထရပ်ကားဖြင့် လှည့်လည်၍ လိမ်လည်ရောင်းချမှုများရှိနေကြောင်း ကိုယ်တိုင်အလိမ်ခံခဲ့ရသူများထံမှ သိရှိရသည်။ဆန်တစ်အိတ်ကို ကျပ်နှစ်သိန်း၊ ကျပ်တစ်သိန်းခွဲ၊ ကျပ်တစ်သိန်းနှစ်သောင်း စသဖြင့် စျေးအမျိုးမျိုးပြောကာ လိုက်လံရောင်းချနေခြင်းဖြစ်ပြီး ရွှေဘိုပေါ်ဆန်းမွှေးဟုဆိုသည့်ဆန်မှာ ဆန်ကွဲများ၊ ဆန်ကြမ်းနှစ်မျိုး၊ အကျိုးအကြေများကို ဖျာပုံပေါ်ဆန်းမွှေးဆန်အညံ့ဖြင့် ရောနှောထားခြင်းဖြစ်သည်ဟု ဆိုသည်။ဆန်ရောင်းသူများမှာ လိုက်ထရပ်ကားဖြင့်လာကြခြင်းဖြစ်ပြီး အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ နောက်တစ်ကြိမ်ဆန်မှာယူကာ ဝယ်နိုင်ရန်အတွက်ဟုဆို၍ ၎င်းမှပေးထားခဲ့သည့် ဆက်သွယ်ရန်ဖုန်းနံပါတ် များမှာလည်း ဆက်သွယ်၍မရကြောင်း ဆိုကြသည်။အဆိုပါ ဖြစ်စဉ်တူ ဆန်လိမ်ရောင်းမှုများကို ရန်ကုန်မြို့ရပ်ကွက်များတွင်သာမက အခြားသောဒေသများဖြစ်သည့် မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ သထုံ စသည့်မြို့များ၊ ကရင်ပြည်နယ်အတွင်း မြဝတီမြို့၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် ကျေးရွာအချို့တွင်လည်း ကြုံတွေ့ခဲ့ရကြောင်း၊ ထိုသို့ ကားများဖြင့် အုပ်စုဖွဲ့ ဆန်များလာရောင်းပါက သေချာစစ်ဆေးဝယ်ယူကြရန် လူမှုကွန်ရက်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ယခုရက်ပိုင်းအတွင်း မျှဝေသတိပေးထားခြင်းများလည်းရှိကြကြောင်း သိရသည်။

news-view-count-icon

109