back

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

Feb 03 • 1:32 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ သီရိကွင်း၌ စည်ကားသို...

ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၃ နာရီက ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ပြိုင်ပွဲဝင်အသင်းပေါင်း ၆၅ သင်း ဝင်ရောက်ယှဉ်ပြိုင်သည်။ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၊ ကြီးကြပ်ဒိုင်များက ပြိုင်ပွဲဝင်ရန်သတ်မှတ်နေရာများတွင် နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အကြိမ်(၂၀)မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်နိုင်ကြောင်း မင်္ဂလာရွှေမောင်းသုံးချက်တီး၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်ထမနဲထိုးအသင်းများက အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊ အခုန်များ၊ ကရင်ရိုးရာဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေ၍ ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ကြသည်။ပြိုင်ပွဲဝင်ထမနဲထိုးအဖွဲ့များယှဉ်ပြိုင်မှုအပြီး ဒိုင်အဖွဲ့များ အမှတ်ပေးအကဲဖြတ်နေစဉ်ကာလတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲအထိမ်းအမှတ်ဌာနဆိုင်ရာများ၏ အနည်းဆုံးအမြင့်ပေ ၄၀ နှင့်အထက်၊ အောက်ခြေအချင်း ၈ ပေရှိ မီးပုံးပျံ ၁၁ လုံးကို လွှတ်တင်ခဲ့ကြသည်။

news-view-count-icon

17