back

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

Feb 03 • 1:32 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၇၉) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇန...

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ရှေးဦးစွာ မွန်တိုင်းရင်းသား/သူများက "မွန်တို့ဌာနေရာမည" သီချင်းဖြင့် သီဆိုကပြ၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းသားအားလုံး၏ နေ့ထူးနေ့မြတ်တွေကို ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ ဖော်ထုတ်ကျင်းပပေးလျက်ရှိသည့်အပြင် တိုင်းရင်းသားများ၏ စာပေဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မွန်တိုင်းရင်းသား/သူမျာအနေဖြင့် အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့်အတူ မိမိတို့၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ထာဝစဉ်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းကြိုးစားဆောင်ရွက်သွားကြစေလို ကြောင်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ယင်းနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း ပြောကြားခဲ့ပြီး မွန်ရိုးရာအကများဖြစ်သည့် တေးသီချင်းများဖြင့် ကပြဧည့်ခံဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

news-view-count-icon

16