back

ကရင်ပြည်နယ်၊ဘားအံ၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

Feb 03 • 1:31 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ဘားအံ၌ (၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား ကျင်းပ

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမ...

(၇၉)ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာ၌ စည်ကားသိုက်မြိုက်စွာကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ မွန်စာပေနှင့်ဗုဒ္ဓဘာသာယဉ်ကျေးမှုဥက္ကဋ္ဌ အိန္ဒုမွန်ကျောင်းဆရာတော်ဘဒ္ဒန္တဝါယမ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မွန်အမျိုးသားနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ မွန်အမျိုးသားအလံအား တိုင်ထိပ်သို့လွှင့်တင် အလေးပြုကြသည်။ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မွန်အမျိုးသားနေ့အခမ်းအနားအတွက် ကျပ်သိန်း ၂၅၀ ကို ချီးမြှင့်ပေးအပ်ပြီးခဲ့ကြောင်း သတင်းရရှိသည်။

news-view-count-icon

24