မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏
နောက်ခံကစားသမားဖြူဖွေးဟာ မြန်မာအမျိုးသမီးလိဂ်၏ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအသင်းနှင့် အပြောင်းအရွှေ့နီးစပ်နေကြောင်း ကနဦး သိရှိထားရပါတယ် ။ကစားသမားဖြူဖွေးဟာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
နှင့်အတူ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိထားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အာရှ
အမျိုးသမီးချန်ပီယံပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားခွင့် ရရှိခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ် ၊ ယခင်က ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း၏ အဓိက အားထားခဲ့ရသည့် ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပြီး ( ၂၀၂၅ - ၂၆ )
ဘောလုံးရာသီ ပထမအကျော့အပြီးတွင် ရန်ကုန်
ယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့တာလည်းဖြစ်
ပါတယ် ။



