မွန်အမျိုးသားတို့၏ဇာတိသွေး၊ဇာတိမာန်များရှင်သန်နိုးကြားရေးနှင့်မွန်စာပေမွန်ယဉ်ကျေးမှုများကို ထိန်းသိမ်းဖော်ထုတ်မြှင့်တင်လိုစိတ်များမြင့်မားတိုးတက်လာစေရန်ရည်ရွယ်ကာ (၇၉)နှစ်မြောက်မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည်။မွန်တိုင်းရင်းသားညီအစ်ကို မောင်နှမများက မွန်တိုင်းရင်းသားရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေပြီး မွန်တိုင်းရင်းသူ ဒေါက်တာ နှင်းနှင်းရီက မွန်အမျိုးသားနေ့ဖြစ်ပေါ်လာပုံစာတမ်းအား ဖတ်ကြားကာ မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးနိုင်မင်းနိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
Feb 03 • 1:30 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 14 | 0 | 0 | 0 |


