back

မကွေးမြသလွန်၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကျင်းပ

Feb 03 • 1:33 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးမြသလွန်၌ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့အခါသမယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင...

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့အခါသမယတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးမြို့၊ မြသလွန်စေတီတော် ဘုရားပွဲတော်ကွင်းပြင်၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့်ကိုယ်စားပြုအသင်း (၁၃) သင်းတို့၏ တပျော်တပါး ထမနဲထိုးပြိုင်ပွဲဆင်နွှဲနေမှုနှင့် ပြိုင်ပွဲဝင်အသင်းကိုယ်စားပြုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု များကို ကြည့်ရှု အားပေးခဲ့သည်။ယင်းနောက်ထမနဲထိုးပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ စတုတ္တဆု၊ နှစ်သိမ့်ဆုရရှိသော ပြိုင်ပွဲဝင်အသင်းများအား ဆုကြေးငွေများနှင့် ဟန်းဆက်၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ မီးအိမ်၊ ထမင်းပေါင်းအိုးများအပြင် ဗလာမပါကံစမ်းမဲကံထူးရှင်များအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။ဆက်လက်၍ ညပိုင်းတွင် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို ကျင်းပရာ စိန်နပန်မီးပုံပျံ (၄) လုံး၊ ညမီးကြီးမီးပုံးပျံ (၁) လုံးနှင့် မီးပုံပျံငယ် (၃၀၀) တို့အား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များက မီးထွန်းညှိ၍ လွှတ်တင်ကာ ထမနဲထိုးပြိုင်ပွဲနှင့်မီးပုံးပျံလွှတ်တင်ပွဲကို ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

news-view-count-icon

18