ဖေဖော်ဝါရီ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ ရွှေချွတ်လုပ်ငန်း လုပ်ကိုင်သည့် နေအိမ်သို့ သေနတ်ကိုင်ဆောင်ထားသည့် လူ ၇ ဦးခန့်က ကား ၃ စီးဖြင့် ရောက်ရှိလာကာ ဝင်ရောက်ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနေအိမ်မှာ ရွှေထည်ချွတ်ခြင်း၊ ရွှေကုန်ချောနှင့် ရွှေအပေါင်ခံခြင်းလုပ်ငန်းများ လုပ်ကိုင်သည့်နေရာဖြစ်ကြောင်း သိရသည်ဓားပြအဖွဲ့သည် လုပ်ငန်းခွင်အတွင်းမှ ပစ္စည်းများကို ယူဆောင်ပြီးနောက် ပြန်လည်ထွက်ခွာချိန်တွင် သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကာ ၎င်းတို့ထံမှ သေနတ်အတိုတစ်လက် ကျကျန်ရစ်ခဲ့ကြောင်း ရပ်ကွက် (၄) နေ ဒေသခံတစ်ဦးက ပြောသည်။



