ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီး၊ ဂုတ်တွင်း(ကုလားမကွေ့အနီး)၊ မိုင်တိုင်အမှတ် ၈၃ မိုင် ၄ ဖာလုံနှင့် ၅ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ယင်းသို့စစ်ဆေးရာ ကျောက်မဲမြို့ဘက်မှ နောင်ချို မြို့ဘက်သို့ ပြည်ကြီးတံခွန်မြို့နယ်နေ အောင်လှိုင်(၄၂)နှစ်မောင်းနှင်ပြီး မမာမာထွေး(၄၇)နှစ်၊ ကျောက်မဲမြို့နယ်၊ ပါပုတ်ကျေးရွာနေ မနန်းညွန့်ဦး(၁၈)နှစ်၊ အမှတ်(၈)ရပ်ကွက်နေ မနန်းကြိမ်ခမ်း (၃၆)နှစ်နှင့် ပန်းပေါင်းကျေးရွာနေ ဦးစိုးမင်းအောင်(၄၀)နှစ်တို့ လိုက်ပါလာသော MDY-18 8I/xxxx SUPER CUSTOM ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့သဖြင့် အောင်လှိုင်ပါ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးတွင် ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် အောင်လှိုင်အား နောင်ချိုမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



