မူးယစ်ဆေးမှုများကြောင့် ထိုင်းနိုင်ငံတရားရေးက ဖမ်း၀ရမ်း ထုတ်ထားသည့် တရားခံ ၂ ဦးကို မယ်ဆိုင် အမှတ် - ၁ စစ်ဆေးရေးဂိတ်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲများက ဇန်နဝါရီ ၃၁ ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်။အစောပိုင်းတွင် မစ္စတာချိုင်ဆိုသော ၂၇ နှစ်အရွယ် ထိုင်းအမျိုးသားသည် ပတ်စ်ပို့ဖြင့် တံတားဖြတ်ကာ တာချီလိတ်သို့သွားရန် ကြိုးစားစဉ် ၎င်းကို ကလာဆန်တရားရုံးမှ ဖမ်း၀ရမ်းထုတ်ထားပြီး ယခုထိ မဖမ်းဆီးနိုင်သေးသူဖြစ်မှန်း သိရှိသဖြင့် ဖမ်းဆီးရာ ကနဦး ထွက်ပြေးပြီး ပြန်မိသွားခြင်း ဖြစ်သည်။ထိုနေ့ မွန်လွဲပိုင်းတွင် နောက်ထပ် ချင်းရိုင်ခရိုင်၊ ဘိုတန်တရားရုံးမှ ဖမ်း၀ရမ်း ထုတ်ထားသည့် ၃၇ နှစ် အရွယ် မစ္စတာဂျာအီ ဆိုသည့် ထိုင်းနိုင်ငံသားသည်လည်း တံတားကူးပြီး တာချီလိတ်သို့ ပြေးရန် ပြင်နေစဉ် ထပ်မံ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။



