back

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ကြိုတင်မှာယူမှု များပြား

Feb 02 • 1:52 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဖေဖော်ဝါရီလ ရက်ရှည်ရုံးပိတ်ရက်အတွက် ကမ်းခြေများရှိ ဟိုတယ်နှင့်တည်းခိုခန်းများတွင် ကြိုတင်မှာယူမှု များပြား

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခ...

လာမည့် ဖေဖော်ဝါရီလတွင် ပြည်ထောင်စုနေ့နှင့် တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်များရှိသည့်အတွက် ဧရာဝတီတိုင်းဒေသကြီးရှိ ကမ်းခြေများ၌ ဟိုတယ်နှင့် တည်းခိုခန်းအားလုံး ၉၀ ရာခိုင်နှုန်းနီးပါး ကြိုတင်မှာယူမှုများဖြင့် ပြည့်နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများတွင် ပြည်တွင်း/ပြည်ပခရီးသွားများ တည်းခိုအနားယူနိုင်ရန် ငွေဆောင်ကမ်းခြေ၌ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်း ၇၀ ခု၊ ချောင်းသာကမ်းခြေ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေ၌ ဟိုတယ် ၆ လုံး၊ တည်းခိုခန်း ၃ လုံးနှင့် ပုသိမ်မြို့နှင့် အခြားဒေသများ၌ ဟိုတယ်နှင့်တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားကြောင်း သိရသည်။



news-view-count-icon

12