ယခု ဖေဖော်ဝါရီလ ပထမပတ်အတွင်း ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၅°C၊ အနိမ့်ဆုံးညအပူချိန် ၁၀°C ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။အင်းလေးဒေသ၊ ခေါင်တိုင်၊ မိုင်းသောက်၊ အင်းပေါခုံနှင့် ရွာမ စသည့်ဒေသများတွင် အမြင့်ဆုံးနေ့အပူချိန် ၂၉°C၊ အနိမ့်ဆုံးညအပူချိန် ၉°C ရှိနိုင်ပြီး ဖေဖေါ်ဝါရီ ၃ ရက်တွင် တိမ်အပြည့်ဖုံးပြီး မိုးအုံ့နိုင်ကြောင်း ထုတ်ပြန်ထားသည်။ရှမ်းပြည်နယ် မြောက်ပိုင်းအတွက်လားရှိုးမြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၈°C၊ အနိမ့်ဆုံးညအပူချိန် ၁၀°C ဖြစ်နိုင်ပြီး မူဆယ်မြို့တွင် အမြင့်ဆုံးနေ့အပူချိန် ၂၆°C၊ အနိမ့်ဆုံးညအပူချိန် ၈°C ဖြစ်နိုင်ကြောင်း ခန့်မှန်းထားသည်။ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တာချီလိတ်မြို့နယ်အတွက် အမြင့်ဆုံးနေ့အပူချိန် ၃၂°C၊ အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်ပြီး၊ ကျိုင်းတုံမြို့နယ်တွင် တိမ်အနည်းငယ်ဖြစ်ထွန်းကာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C၊ အနိမ့်ဆုံးညအပူချိန် ၁၀°C ရှိနိုင်ကြောင်း သတိပေးထားသည်။



