back

တစ်ခေတ်ဆန်းလာတဲ့အလှူပွဲတွေကြောင့် ရွှေချည်ထိုးလုပ်ငန်းတွေ အသက်ပြန်ဝင်လာ

Feb 02 • 1:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

တစ်ခေတ်ဆန်းလာတဲ့အလှူပွဲတွေကြောင့် ရွှေချည်ထိုးလုပ်ငန်းတွေ အသက်ပြန်ဝင်လာ

တိမ်ကောပျောက်ကွယ်လုနီးပါးအခြေအနေမှ လုပ်ငန်းများပြန်လည်လည်ပတ်လာခြင်းဖြစ်ကြောင်း ​သိရပါသည်။ကုန်ကြမ်းရှားပါးခြင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုကျဆင်းသွားခြင်း၊ ကျွမ်းက...

တိမ်ကောပျောက်ကွယ်လုနီးပါးအခြေအနေမှ လုပ်ငန်းများပြန်လည်လည်ပတ်လာခြင်းဖြစ်ကြောင်း ​သိရပါသည်။ကုန်ကြမ်းရှားပါးခြင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုကျဆင်းသွားခြင်း၊ ကျွမ်းကျင်လုပ်သားနှင့် ပညာရှင်ရှားပါးလာ ခြင်းတို့ကြောင့် တိမ်ကောပျောက်ကွယ်လုနီးပါးဖြစ်ခဲ့သည့် မြန်မာ့ရွှေချည်ထိုးလုပ်ငန်းတွေဟာ ၂၀၂၄ ခုနှစ် နှစ် ဆန်းပိုင်းကစ၍ အလှူအတန်းများအပြိုင်အဆိုင်ပြုလုပ်လာမှုကြောင့် ပြန်လည်အသက်ဝင်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ဆင်၊ မြင်း၊ လှည်းယာဉ်၊ ဝင်းခင်းသဘင်အခမ်းအနားဖြင့်ပြုလုပ်သည့် ရဟန်းခံရှင်ပြုအလှူပွဲများ၊ လူကုံထံ များ အပြိုင်အဆိုင်ပြုလုပ်ကြသည့် မင်္ဂလာဧည့်ခံပွဲများ၊ သက်ဝင်ယုံကြည်မှုမှတစ်ဆင့်ဖြစ်ပေါ်လာသည့်နတ်ပူဇော်ပသ ပွဲများတွင် မြန်မာ့ရွှေချည်ထိုးအထည်များကို ခေတ်နှင့်အညီအပြိုင်အဆိုင်အသုံးပြုလာကြရာမှ လုပ်ငန်း များပြန် လည်လည်ပတ်လာနိုင်ခြင်းဖြစ်ကြောင်း သိရပါတယ်။


news-view-count-icon

20