back

တာချီလိတ်မြို့တွင် တောနှင့်တောင်ယာမီးရှို့ခြင်းများမရှိစေရေး စစ်ဆေးကြပ်မတ်နေဟုဆို

Feb 02 • 1:29 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် တောနှင့်တောင်ယာမီးရှို့ခြင်းများမရှိစေရေး စစ်ဆေးကြပ်မတ်နေဟုဆို

တာချီလိတ်မြို့၊ မြို့တော်ခန်းမမှာ ဌာနဆိုင်ရာ တာဝန်ခံတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုရေးအသင်းအဖွဲ့့တွေ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူ...

တာချီလိတ်မြို့၊ မြို့တော်ခန်းမမှာ ဌာနဆိုင်ရာ တာဝန်ခံတွေ၊ မြို့မိမြို့ဖတွေ၊ လူမှုရေးအသင်းအဖွဲ့့တွေ၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွေ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ဒေသခံပြည်သူတွေ စုစုပေါင်းအင်အား (၄၃၀) ယောက်နဲ့ တွေ့ဆုံပြီး နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုနဲ့ Fire Hotspots ဖြစ်ပွားမှု လျှော့ချရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးပြောကြားရာမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။အခုလို ဆောင်ရွက်နေတာတွေကြောင့် ရလဒ်အနေနဲ့ ရှမ်းပြည်နယ် (အရှေ့ပိုင်း)မှာ ၂၀၂၄ ခုနှစ်အတွင်း Fire Hotspots ၄၈၇၆ ခု ဖြစ်ပေါ်ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ၃၄၀၂ ခု ဖြစ်ပေါ်ခဲ့တာကြောင့် ၃၀ ရာခိုင်နှုန်း လျော့နည်း သွားခဲ့တယ်လို့ဆိုပါတယ်။ဒါ့ကြောင့် မီးခိုးမြူငွေ့ကင်းစင်ပြီး သန့်ရှင်းကောင်းမွန်တဲ့ သဘာဝပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့လိုတယ်လို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။  


news-view-count-icon

11