ရှမ်းမြောက် ကျောက်မဲကနေ မန္တလေးကို ဒေသထွက်ကုန် တင်ပို့တဲ့ ကုန်တင်ကားတွေကို၁၆ မိုင်ဂိတ်၊ ပြင်ဦးလွင် X ray၊ ဝက်ဝံ x ray၊ ထင်းရူးတော၊ လွန်းကျော် ဘုရားကုန်း၊ နောင်ချို ဘန့်ဘွေး တိုးဂိတ်၊ နောင်ချို မြို့အဝင်ဂိတ်နဲ့ မြို့အထွက်ဂိတ်၊ ဂုတ်တွင်း နောင်ပြစ်ရွာအဝင်ဂိတ်၊ ရဲရွာလမ်းခွဲ၊ စခန်းသာရွာထိပ်နဲ့ ကျောက်မဲမြို့မုခ်ဦး စတဲ့ ဂိတ်တွေမှာ ငွေအဆမတန်တောင်းနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။အခုလို ကျောက်မဲကနေ မန္တလေးကို ကုန်တင်တဲ့ကားတွေထံ အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းနေတာကြောင့် ဂိတ်တစ်ဂိတ်ကို အနည်းဆုံး ၅ သောင်းဝန်းကျင်ပေးနေရပြီး အသွားအပြန် ဂိတ်ကြေး ၁၀ သိန်းနီးပါး ကုန်ခဲ့ရတယ်လို့ ဆိုပါတယ်။ကုန်တင်ကားတွေအပြင် ဝက်ဝံ X ray ဂိတ်မှာ ခရီသည်တင်တဲ့ ကားတွေကိုလည်း ခရီးသည်တစ်ဦးကို ၄ ထောင် ပေးရတယ်လို့ သိရပါတယ်။



