ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ ဝက်သိုက်ကျေးရွာနေ သန္တာဦး(၄၅)နှစ်၏နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မကွေးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်း ကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန္တာဦးအား မကွေးနယ်မြေရဲစခန်း (ပ)၁၀/ ၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အရေးယူထားကြောင်း သိရသည်။ အလားတူ ညနေ ၃ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးမြို့၊ အောင်မေတ္တာ(အေ)ရပ်ကွက်နေ သောင်းစိုး(၅၀)နှစ်၏ နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မကွေးနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအားနေအိမ်၌ နှစ်လုံး/ သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများ နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သောင်းစိုးအား မကွေးနယ်မြေရဲစခန်း (ပ)၉/၂၀၂၆၊ လောင်းကစား ဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့်ဖမ်းဆီးထားကြောင်း သိရသည်။ ယင်းအပြင် ညနေ ၄ နာရီအချိန်တွင် မကွေးမြို့နယ်၊အေးမြသာယာ(မြောက်)ကျေးရွာနေ အောင်သန်းနိုင်(၃၉)နှစ်၏ နေအိမ်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မကွေးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား နေအိမ်အတွင်း၌ နှစ်လုံး/သုံးလုံးထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ များနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်သန်းနိုင်အား မကွေးမြို့မရဲစခန်း (ပ)၁၇/၂၀၂၆၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/ ၁၉(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



