back

မတ်ပဲစျေး သိန်း ၃၀ နီးပါး ပြန်လည်ရောက်ရှိလာ

Feb 02 • 2:36 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မတ်ပဲစျေး သိန်း ၃၀ နီးပါး ပြန်လည်ရောက်ရှိလာ

မြန်မာနိုင်ငံ၌ယခု ၂၀၂၆ ခုနှစ်ပထမလ အတွင်း ကျဆင်းနေသည့် မတ်ပဲစျေး သိန်း ၃၀ နီးပါး ပြန်လည်ရောက်ရှိလာကြောင်း ကုန်သည်များ နှင့် ပွဲရုံဈေးကွက်များထံမှ သိရပါသည်။ အိန္ဒ...

မြန်မာနိုင်ငံ၌ယခု ၂၀၂၆ ခုနှစ်ပထမလ အတွင်း ကျဆင်းနေသည့် မတ်ပဲစျေး သိန်း ၃၀ နီးပါး ပြန်လည်ရောက်ရှိလာကြောင်း ကုန်သည်များ နှင့် ပွဲရုံဈေးကွက်များထံမှ သိရပါသည်။ အိန္ဒိယနိုင်ငံတွင် မိုးတွင်းကာလက စိုက်ခင်းများပျက်စီးခဲ့၍ အထွက်နှုန်းကျဆင်းခဲ့ပြီး လက်ရှိ အဆိုပါနိုင်ငံတွင် သုံးစွဲမှု များနေသည့်အတွက်ကြောင့် လိုအပ်ချက်များနေ၍ စျေးတက်နေကြောင်းလည်း သိရပါသည်။ထိုကဲ့သို့ သိန်း ၃၀ နီးပါး ရောက်ရှိလာသော်လည်း ယခင်က ကျဆင်းခဲ့သည့် ပဲစျေးအား ပြန်လည်ဆွဲတင်သည့်သဘော သာ ဖြစ်၍ ပဲစျေးမြင့်တက်လာသည့်ဟု ပြောလို့ မရသေးကြောင်း စျေးကွက် နားလည်သူများက သုံးသပ်ကြသည်။"မတ်ပဲစျေးကောင်းတယ်လို့ ပြောလို့မရသေးဘူး စျေးကျသွားတာကို ပြန်ဆွဲတင်လာတဲ့ သဘောပဲ ရှိသေးတယ် ထပ်ပြီး စျေး တက်လာမယ်ဆိုမှ စျေးကောင်းတယ်လို့ဆိုရမယ်။ အခုတော့ စောင့်ကြည့်ရမဲ့ အနေအထားပါ၊ ဒီလက အိန္ဒိယ ပွဲတော်တွေရှိတော့ မတ်ပဲသုံးစွဲသူများပြီး စျေးတက်လာတယ်လို့ဆိုရမယ်''ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

news-view-count-icon

58