back

ကမ္ဘာ့တိုက်ကြီးများ အမျိုးသမီးချန်ပီယံဖလားကို အာဆင်နယ်အသင်း အနိုင်ရကာ ချန်ပီယံဖြစ်လာ

Feb 02 • 2:35 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကမ္ဘာ့တိုက်ကြီးများ အမျိုးသမီးချန်ပီယံဖလားကို အာဆင်နယ်အသင်း အနိုင်ရကာ ချန်ပီယံဖြစ်လာ

ပထမဆုံးအကြိမ်ကျင်းပတဲ့ ကမ္ဘာ့တိုက်ကြီး ၆ ခုရဲ့ ချန်ပီယံအသင်းတွေပါတဲ့ ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ ကိုရင်သီယန်အသင်းအား ၃:၂ နဲ့ အချိန်ပိုမှာ အနိုင်...

ပထမဆုံးအကြိမ်ကျင်းပတဲ့ ကမ္ဘာ့တိုက်ကြီး ၆ ခုရဲ့ ချန်ပီယံအသင်းတွေပါတဲ့ ဒီပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ အာဆင်နယ်အသင်းဟာ ကိုရင်သီယန်အသင်းအား ၃:၂ နဲ့ အချိန်ပိုမှာ အနိုင်ရခဲ့တာပါ။ အာဆင်နယ်အမျိုးသမီးအသင်းဟာ ဥရောပချန်ပီယံလည်းဖြစ်ကာ အခုအနိုင်ရမှုကြောင့် ဆုကြေးဒေါ်လာ ၂.၃ သန်း ရရှိခဲ့ပါတယ်။ မနေ့ကပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကိုယ်တိုင် တက်ရောက်ချီးမြှင့်ကာ အားပေးခဲ့ပါတယ်။ အာဆင်နယ်အသင်းဆိုတာက သမိုင်းမှတ်တိုင်များစွာကို ဖန်တီးရေးသားနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးတဲ့အသင်းကြီးဖြစ်တယ်။ ၂၀၂၆ ဟာ အာဆင်နယ်ရဲ့နှစ်ဖြစ်တယ်။ ဒီနှစ်ထဲမှာ နောက်ထပ်ချန်ပီယံဆုဖလားများစွာ ထပ်ယူပေးဖို့ရှိတယ်လို့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

news-view-count-icon

20