ပြည်တွင်း၌ပဲစင်းငုံနီကလည်း အခုတစ်ပတ်မှာ စျေးထပ်တက်လာပြီး တစ်တန်ကို ၃ သိန်းကျော်လောက်အထိ ထပ်မံမြင့်တက်လာတယ်လို့ သိရပါတယ် ။ ပဲစင်းငုံနီက လက်ရှိမှာ အိန္ဒိယက ဝယ်လိုအားရှိနေတဲ့အတွက် စျေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ်။ ပဲစင်းငုံနီက အခုနှစ် ပြည်တွင်းမှာ ပဲအထွက်နည်းပြီး စျေးကွက်ထဲကို ကုန်ပစ္စည်း အဝင်နည်းတာကြောင့်လည်း စျေးတက်လာတာ ဖြစ်ပါတယ်။ ပြည်ပ FOB စျေးကလည်း အမေရိကန်ဒေါ်လာ ၇၇၀ မှ ၇၈၀ အတွင်း အထိ ရှိလာပြီး အရင်တစ်ပတ်ကထက် ဒေါ်လာ ၃၀ ထပ်တက် လာပါတယ်။ ပဲတီစိမ်းကတော့ တရုတ်အဝယ်ရှိနေပေမယ့်လည်း ပြည်တွင်း စျေးကွက်မှာ စျေးငြိမ်နေဆဲ ဖြစ်ပါတယ်။ဆောင်းပဲတီစိမ်းတွေလည်း မကြာခင်မှာ စျေးကွက်ထဲကို ဝင်ရောက်ဖို့ ရှိနေပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာ ပဲတီစိမ်း သုံးတစ်တစ်အိတ် ၅၆.၂၅ ပိဿာကို ၂၉၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိပါတယ် ။



