စင်ကာပူနိုင်ငံ Chinatown မှာရှိတဲ့ People's Park Complex မှာ နှိပ်နယ်ရေး (Massage) ဝန်ဆောင်မှုပေးတဲ့ အမျိုးသမီးတချို့ဟာ လမ်းသွားလမ်းလာ အမျိုးသားတွေကို အတင်းအဓမ္မ ဆွဲခေါ်နေတဲ့ လုပ်ရပ်တွေကြောင့် လူထုကြားမှာ ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။ အဆိုပါ အမျိုးသမီးတွေဟာ ဟော့ဟော့ရမ်းရမ်း အဝတ်အစားတွေကို ဝတ်ဆင်ထားကြပြီး လမ်းသွားလမ်းလာတွေကို မြှူဆွယ်ရုံတင်မကဘဲ တစ်ခါတလေမှာ လက်မောင်းကနေ အတင်းဆွဲပြီး ဆိုင်ထဲကို ခေါ်ဆောင်တာမျိုးတွေအထိ လုပ်ဆောင်နေကြတာပါ။အဆိုပါ ကုန်တိုက်ရဲ့ ဒုတိယထပ်နဲ့ တတိယထပ်တွေမှာ နှိပ်နယ်ရေးဆိုင်ပေါင်း ၅၀ နီးပါးလောက် ရှိနေပြီး အဲ့ဒီနေရာဟာ ပြည့်တန်ဆာရိပ်သာတစ်ခုလို ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ညည်းတွားပြောဆိုထားပါတယ်။ သူဟာ သူငယ်ချင်းဖြစ်သူနဲ့ တွေ့ဖို့ ဒုတိယထပ်ကို သွားခဲ့စဉ်မှာ အမျိုးသမီးတစ်ဦးက အတင်းအကျပ် လာရောက်မြှူဆွယ်ခဲ့တာကြောင့် ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို အတင်းအဓမ္မ ဈေးခေါ်နေတဲ့ အပြုအမူတွေဟာ အလွန်တရာ ရိုင်းစိုင်းပြီး မသင့်တော်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့လည်း သူက ထောက်ပြထားပါတယ်။အဖြစ်မှန်ကို သိရှိနိုင်ဖို့ Shin Min Daily News သတင်းထောက်က ကိုယ်တိုင်သွားရောက် စုံစမ်းခဲ့ရာမှာလည်း အလားတူ ဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။အခုလို လူစည်ကားရာ ကုန်တိုက်ကြီးထဲမှာ ပေါ်ပေါ်ထင်ထင် မြှူဆွယ်နေတဲ့ ကိစ္စရပ်တွေဟာ အများပြည်သူအတွက် စိတ်အနှောင့်အယှက် ဖြစ်စေသလို ကုန်တိုက်ရဲ့ ပုံရိပ်ကိုလည်း များစွာ ထိခိုက်စေနေတာပဲ ဖြစ်ပါတယ်။
စင်ကာပူ Chinatown က People's Park Complex မှာ Masseuses တွေက သတင်းထောက်ကိုပါ မြှူဆွယ်ပြီး ဆိုင်ထဲဆွဲသွင်းဖို့ ကြိုးစား
Feb 02 • 2:27 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


