back

စင်ကာပူရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ Thaipusam ပွဲတော်

Feb 02 • 2:25 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူရှိ ဟိန္ဒူဘာသာဝင်တွေရဲ့ Thaipusam ပွဲတော်

စင်ကာပူနိုင်ငံရဲ့ လမ်းမထက်မှာတော့ ဒီနှစ်ရဲ့ သိုက်ပူဆမ် (Thaipusam) ပွဲတော်ကို အရင်နှစ်တွေထက် ပိုမိုစည်ကားသိုက်မြိုက်စွာနဲ့ စံချိန်တင် ကျင်းပခဲ့ကြပါတယ်၊၊ ဒီနှစ်မ...

စင်ကာပူနိုင်ငံရဲ့ လမ်းမထက်မှာတော့ ဒီနှစ်ရဲ့ သိုက်ပူဆမ် (Thaipusam) ပွဲတော်ကို အရင်နှစ်တွေထက် ပိုမိုစည်ကားသိုက်မြိုက်စွာနဲ့ စံချိန်တင် ကျင်းပခဲ့ကြပါတယ်၊၊ ဒီနှစ်မှာတော့ ဘာသာရေးဝတ်ပြုဆုတောင်းသူပေါင်း ၁၉,၀၀၀ ကျော်အထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်ကထက် သိသိသာသာကို ပိုမိုများပြားလာတာဖြစ်လို့ စံချိန်သစ်တစ်ခုလို့တောင် ဆိုရမှာပါ၊၊ဒီပွဲတော်ကို ဇန်နဝါရီ ၃၁ ရက် ညပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး Serangoon Road မှာရှိတဲ့ Sri Srinivasa Perumal Temple ကနေ Tank Road က Sri Thendayuthapani Temple အထိ ၃.၂ ကီလိုမီတာခရီးကို ဘုရားလောင်း Lord Murugan အတွက် နွားနို့အိုးတွေ၊ အလှဆင်ထားတဲ့ ကာဗာဒီတွေနဲ့အတူ စီတန်းလှည့်လည်ခဲ့ကြပါတယ်၊၊ အဝါရောင်နဲ့ လိမ္မော်ရောင် ဝတ်စုံတွေ လွှမ်းမိုးနေတဲ့ လမ်းမထက်မှာ တူရိယာသံတွေနဲ့အတူ ဘာသာရေးအဓိဋ္ဌာန်ပြုသူတွေရဲ့ သဒ္ဓါတရားက ပွဲတော်ကို ပိုမိုရှင်သန်စေခဲ့ပါတယ်၊၊အခုနှစ်မှာ ထူးခြားတာက လူအုပ်ကြီးကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့အတွက် ဘုရားကျောင်းတွေမှာ ဝင်ပေါက်၊ ထွက်ပေါက်အသစ်တွေ တိုးချဲ့ပေးခဲ့တာကြောင့် တန်းစီစောင့်ဆိုင်းရတဲ့ အခက်အခဲတွေ သက်သာသွားခဲ့ပါတယ်၊၊

news-view-count-icon

15