ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသည့် တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်ခြင်း အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်အဆိုပါ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် အရံစေတီမှလွဲ၍ စေတီကြီးတစ်ခုလုံး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးဖြစ်သည်ဟုဆိုသည်။ထို့ကြောင့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော်တင်ခြင်း အခမ်းအနားအား လာမည့် ဖေ ဖော်ဝါရီ (၁၀) ရက် (တပိုတွဲလဆုတ် (၉) ရက် ၊ အင်္ဂါနေ့ ) တွင် (၇) ရက်သားသမီးအလှူဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ထီးတော်တင်ပွဲသည့်နေ့၌ ဘုရားဖူးပြည်သူ (၁၅၀၀) ဦးအတွက် စတုဒီသာအလှူကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့် ထိခိုက်သွားသည့် တောင်ငူမြို့သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာကျင်းပမည်
Feb 02 • 2:21 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 35 | 0 | 0 | 0 |


