back

မလေးရှားရေပြင်၌ တရားမဝင် ရေနံလွှဲပြောင်းသည့် သင်္ဘောနှစ်စင်းကို ဖမ်းဆီး၊ ဒေါ်လာ ၁၂၉ သန်းကျော်ဖိုးရှိ ရေနံစိမ်းများ သိမ်းဆည်းရမိ

Feb 02 • 2:20 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားရေပြင်၌ တရားမဝင် ရေနံလွှဲပြောင်းသည့် သင်္ဘောနှစ်စင်းကို ဖမ်းဆီး၊ ဒေါ်လာ ၁၂၉ သန်းကျော်ဖိုးရှိ ရေနံစိမ်းများ သိမ်းဆည်းရမိ

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ကမ်းလွန်ရေပြင်တွင် သင်္ဘောတစ်စီးမှတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှု ပြုလုပ်နေသည့် ရေနံတင်သင်္ဘောနှစ်စင်းကို မလေးရှားရေကြောင်း...

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ် ကမ်းလွန်ရေပြင်တွင် သင်္ဘောတစ်စီးမှတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှု ပြုလုပ်နေသည့် ရေနံတင်သင်္ဘောနှစ်စင်းကို မလေးရှားရေကြောင်းထိန်းသိမ်းရေးဌာနက ဖမ်းဆီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၉ သန်း (ရင်းဂစ် ၅၁၂ သန်း) တန်ဖိုးရှိ ရေနံစိမ်းများကို သိမ်းဆည်းခဲ့သည်။ အဆိုပါသင်္ဘောများပေါ်တွင် မြန်မာ၊ တရုတ်၊ အီရန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံသား သင်္ဘောသား စုစုပေါင်း ၅၃ ဦး ပါဝင်နေပြီး သင်္ဘောကပ္ပတိန်နှစ်ဦးကိုလည်း ဖမ်းဆီးထားသည်။ ၎င်းတို့ကို ခွင့်ပြုချက်မရှိဘဲ ကျောက်ချရပ်နားမှု၊ တရားမဝင် ကုန်စည်လွှဲပြောင်းမှုတို့ဖြင့် စုံစမ်းစစ်ဆေးလျက်ရှိကာ အာဏာပိုင်များအနေဖြင့် ရေနံ၏ မူလဇာစ်မြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းသည့် ယင်းကဲ့သို့ တရားမဝင်လုပ်ရပ်များကို ပိုမိုတင်းကြပ်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

8