ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရွှိုင်ဂူသည် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်တွေ့ဆုံကာ နိုင်ငံတကာနှင့် ဒေသဆိုင်ရာလုံခြုံရေးနယ်ပယ်တွင် ပြောင်းလဲနေသော အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်သည်။ အဆိုပါခရီးစဉ်သည် လေးနှစ်နီးပါးကြာမြင့်လာပြီဖြစ်သော ရုရှား-ယူကရိန်းပဋိပက္ခကို အဆုံးသတ်ရန်အတွက် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်အရာရှိများအကြား မကြာသေးမီက ဆွေးနွေးမှုများပြုလုပ်နေသည့် အချိန်ကာလနှင့် တိုက်ဆိုင်နေကြောင်း သိရှိရပါသည်။
Feb 02 • 2:12 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 9 | 0 | 0 | 0 |


