မွန်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ကြီးကြပ်မှုဖြင့် ဇန်နဝါရီ ၃၀ ရက်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ရွေးချယ်တင်မြှောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဆင့်ဆင့်မဲပေးရွေးချယ်ခဲ့ရာ ဦးလှစိန်က အသင်းဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ထို့ပြင် ဗဟိုအသင်းဥက္ကဋ္ဌ ဦးမောင်မောင်ဇော်နှင့် အဖွဲ့သည် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ ပြည်နယ်အတွင်း နေကြာအပါအဝင် ဆီထွက်သီးနှံများ အထူးအထွက်တိုးစေရေး ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
Feb 02 • 2:06 AM
မြန်မာ
မွန်
မျှဝေမည်
| 13 | 0 | 0 | 0 |


