ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်မှ ၃၀ ရက်အထိ ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးများမှတစ်ဆင့် ၂၀၂၆-၂၀၃၀ ကာလအတွက် အာဆီယံခရီးသွားလုပ်ငန်းစီမံကိန်းများ၊ အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်၊ ကိုးရီးယား) နှင့် ရုရှား၊ အိန္ဒိယတို့နှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို အတည်ပြုခဲ့ကြသည်။ ထို့ပြင် အာဆီယံခရီးသွားလုပ်ငန်းစံနှုန်း ဆုပေးအပ်ပွဲတွင် မြန်မာနိုင်ငံမှ ဟိုတယ် (၂၄) ခုက ကဏ္ဍအသီးသီးအလိုက် ဆုများ ဆွတ်ခူးရရှိခဲ့ကြောင်း သိရှိရပါသည်။
Feb 02 • 2:05 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 6 | 0 | 0 | 0 |


