မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း၏ (၁၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးတွင် အသင်းအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေပြီး မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ရုံးခွဲသစ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောကြားခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် ယာဉ်စီးရေ (၄၀၀) ကျော်ဖြင့် စတင်ခဲ့သည့် အဆိုပါအသင်းသည် (၁၆) နှစ်တာအတွင်း ကုမ္ပဏီ (၉၄) ဂိတ်နှင့် ယာဉ်စီးရေ (၂,၀၀၀) ကျော်အထိ တိုးတက်လာခဲ့သည်။ လက်ရှိတွင် ကုန်ပို့လွှာ (Manifest) နှင့် E-Lock စနစ်များ အသုံးပြုနိုင်ရန် ဆောင်ရွက်နေသည့်အပြင် ကုန်ကျစရိတ်မြင့်မားလာမှုကြောင့် သယ်ယူပို့ဆောင်ခဈေးနှုန်းများကို (၃) ကြိမ်တိုင် ပြင်ဆင်သတ်မှတ်ခဲ့ရသည်။ ထို့ပြင် အသင်းသည် Oriental Leasing နှင့် ချိတ်ဆက်၍ လုပ်ငန်းတိုးချဲ့မှုများကို ကူညီပေးခြင်း၊ MAX Energy နှင့် ဆီဝယ်ယူမှုအတွက် သဘောတူစာချုပ်ချုပ်ဆိုခြင်းနှင့် မန္တလေးငလျင်ဘေးဒဏ်သင့်ဒေသများသို့ ငွေကျပ်သိန်း (၄၀၀) ခန့် လှူဒါန်းခြင်း စသည့် လူမှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါသည်။
မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းမှ ဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန်နှင့် ကျောက်ဆည်တွင် ရုံးခွဲဖွင့်လှစ်ရန် ပြင်ဆင်နေ
Feb 02 • 2:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


