ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းရှိ တုတ်တုတ် ပေါ်တွင် ဗြောင်ကျကျ လိင်ဆက်ဆံခဲ့သည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်၌ ပျံ့နှံ့ခဲ့ပြီးနောက် အဆိုပါ ပြင်သစ်စုံတွဲအား ရဲတပ်ဖွဲ့က ရှာဖွေဖော်ထုတ်ကာ ဘတ် ၅,၀၀၀ ဒဏ်ရိုက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့စုံတွဲသည် ပါတွန်တောင်သို့အသွား တုတ်တုတ်ပေါ်၌ ဝတ်လစ်စားလစ်ဖြင့် ပြုမူနေသည်ကို ဗီဒီယိုရိုက်ကူးကာ ဇန်နဝါရီ ၃၀ ရက်တွင် အွန်လိုင်းတင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းလုပ်ရပ်သည် ဒေသဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ ရဲတပ်ဖွဲ့သည် တုတ်တုတ်ယာဉ်မောင်း၏ ပြောပြချက်အရ ၎င်းတို့တည်းခိုရာ ဟိုတယ်သို့ သွားရောက်စစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီ ၃၁ ရက်တွင် အဆိုပါ ပြင်သစ်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးအရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Feb 02 • 2:03 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


