back

မော်လမြိုင် K.Mark ရှေ့တွင် Honda Fit ကားမှ ဆိုင်ကယ်ကို တိုက်ပြေးမှုဖြစ်ပွား၊ လူနာအား ဆေးရုံသို့ ပို့ဆောင်ထား

Feb 02 • 2:01 AM

breaking-news

မြန်မာ

မွန်

cover

မော်လမြိုင် K.Mark ရှေ့တွင် Honda Fit ကားမှ ဆိုင်ကယ်ကို တိုက်ပြေးမှုဖြစ်ပွား၊ လူနာအား ဆေးရုံသို့ ပို့ဆောင်ထား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်ခင်းလမ်းရှိ K.Mark ရှေ့တွင် (ဖေဖော်ဝါရီ ၁ ရက်) ည ၉ နာရီခန့်က ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီး ကားသမားမှာ မောင်းနှင်ထွ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်ခင်းလမ်းရှိ K.Mark ရှေ့တွင် (ဖေဖော်ဝါရီ ၁ ရက်) ည ၉ နာရီခန့်က ကားနှင့် ဆိုင်ကယ် တိုက်မှုဖြစ်ပွားခဲ့ပြီး ကားသမားမှာ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။ အဆိုပါမတော်တဆမှုကြောင့် ဆိုင်ကယ်စီးနင်းလာသည့် ရွှေမြိုင်သီရိ (၆) လမ်းနေ အမျိုးသားတစ်ဦးတွင် ဦးခေါင်းကွဲပြီး ပွန်းပဲ့ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် Mawlamyine Rescue အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က ကနဦးပြုစုပေးကာ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ အတိုက်ခံရသူ၏ မိသားစုထံ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှာ 09-255764702 နှင့် 09-970165144 တို့ ဖြစ်ပြီး၊ တိုက်ပြေးသွားသည့်ကားမှာ Honda Fit Shuttle GP2 (MDY-1N-....) ဖြစ်သဖြင့် ကားပိုင်ရှင်အနေဖြင့် လူနာမိသားစုနှင့် အမြန်ဆုံး ဆက်သွယ်ညှိနှိုင်းရန် တိုက်တွန်းထားပါသည်။

news-view-count-icon

11