ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီး မတိုင်မီ တစ်ပတ်အလို (ဖေဖော်ဝါရီ ၁ ရက်) တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြိုတင်မဲပေးမှုများ စတင်ခဲ့ရာ မဲရုံတိုင်း၌ လာရောက်မဲပေးသူ များပြားလျက်ရှိကြောင်း သိရသည်။ ဘန်ကောက်မြို့ရှိ ဘန်ဆူးခရိုင်ရုံးကဲ့သို့သော မဲရုံများတွင် နံနက် ၈ နာရီ မတိုင်မီကပင် မဲပေးသူများ ၄၀၀ မီတာခန့်အထိ တန်းစီစောင့်ဆိုင်းနေကြပြီး လူငယ်နှင့် သက်လတ်ပိုင်းများ ပါဝင်မှု မြင့်မားနေသည်။ ယခုကြိုတင်မဲပေးရန်အတွက် ပြည်ပရောက် ထိုင်းနိုင်ငံသား ၁ သိန်းကျော်အပါအဝင် လူပေါင်း ၂ ဒသမ ၄ သန်း စာရင်းပေးထားပြီး၊ မဲပေးသူများသည် ဖေဖော်ဝါရီ ၈ ရက် ရွေးကောက်ပွဲနေ့တွင်လည်း "အခြေခံဥပဒေသစ် ရှိသင့်၊ မရှိ" ဟူသော လူထုဆန္ဒခံယူပွဲအတွက် မဲရုံများသို့ ထပ်မံသွားရောက်ရဦးမည်ဖြစ်ကြောင်း သိရှိရပါသည်။
| 14 | 0 | 0 | 0 |


