ယနေ့ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်များတွင် မန်ချက်စတာယူနိုက်တက် အသင်းသည် ဖူလ်ဟမ်အသင်းကို ၃-၂ ဂိုးဖြင့် အကြိတ်အနယ်ကစားကာ အဖိုးတန်နိုင်ပွဲ ရယူနိုင်ခဲ့သည်။ အခြားပွဲစဉ်များတွင် အက်စတွန်ဗီလာ အသင်းမှာ ဘရန့်ဖို့ဒ်အသင်းကို အိမ်ကွင်း၌ ၀-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့ပြီး၊ နော်တင်ဟမ်ဖောရက်စ် နှင့် ခရစ္စတယ်ပဲလေ့စ် အသင်းတို့မှာမူ တစ်ဖက်တစ်ဂိုးစီဖြင့် သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။
Feb 02 • 1:59 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 34 | 0 | 0 | 0 |


