back

(၉၄) ကြိမ်မြောက် မော်လမြိုင် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိသည့် ရပ်ကွက်အသင်းများကို ပြည်နယ်အစိုးရအဖွဲ့ ဆုချီးမြှင့်

Feb 02 • 1:55 AM

breaking-news

မြန်မာ

မွန်

cover

(၉၄) ကြိမ်မြောက် မော်လမြိုင် နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိသည့် ရပ်ကွက်အသင်းများကို ပြည်နယ်အစိုးရအဖွဲ့ ဆုချီးမြှင့်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် (၉၄) ကြိမ်မြောက် မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိခဲ့ကြသော ရပ်ကွက်အသင်းများ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် (၉၄) ကြိမ်မြောက် မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ လှည့်လည်ပူဇော်ပွဲတွင် ဆုရရှိခဲ့ကြသော ရပ်ကွက်အသင်းများကို ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်း၌ ပြည်နယ်အစိုးရအဖွဲ့က ဆုများချီးမြှင့်ခဲ့သည်။ ပြိုင်ပွဲတွင် သိမ်ကုန်းရပ်ကွက် ဥပဿဂါအဖွဲ့ (ဘုရားအမှတ် ၂၈) က ပထမဆုရရှိကာ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဆုငွေ ကျပ်သိန်း ၃၀ ချီးမြှင့်ခဲ့ပြီး၊ မုပွန်ရပ်ကွက်အသင်း (ဘုရားအမှတ် ၁၉) က ဒုတိယဆု ကျပ်သိန်း ၂၀ နှင့် ဈေးကြီးတောင်ပေါ်တန်းရပ်ကွက်အသင်း (ဘုရားအမှတ် ၂၇) က တတိယဆု ကျပ် ၁၅ သိန်း အသီးသီး ရရှိခဲ့ကြကြောင်း သိရှိရပါသည်။

news-view-count-icon

33