China Media Group (CMG) ၏ ၂၀၂၆ ခုနှစ်၊ နှစ်သစ်ကူးနွေဦးပွဲတော်အကြိုည ပဒေသာကပွဲအတွက် တတိယအကြိမ်မြောက် ဇာတ်တိုက်လေ့ကျင့်မှုကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ချောမောစွာ ကျင်းပပြီးစီးခဲ့သည်။ ယခုအကြိမ်တွင် ပေကျင်းမြို့ရှိ အဓိကကျင်းပရာနေရာနှင့်အတူ ဟာပင်၊ ယိဝူး၊ ဟိုဖေ နှင့် ယီပင်မြို့ရှိ နေရာခွဲလေးခုတို့က ပထမဆုံးအကြိမ် ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး၊ အစီအစဉ်များအကြား ဟန်ချက်ညီမှုနှင့် ရသမြောက်မှုများ ပိုမိုအားကောင်းလာခဲ့သည်။ သီချင်း၊ အက၊ အော်ပရာနှင့် ဝူရှူးသိုင်း စသည့် တင်ဆက်မှုများအားလုံးမှာ ခေတ်သစ်၏ ပြောင်မြောက်သော ပြကွက်များဖြင့် စုံလင်စွာ ပါဝင်နေပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့် ပွဲတော်ကြီးဖြစ်လာစေရန် ပြင်ဆင်ထားကြောင်း သိရှိရပါသည်။
China Media Group ၏ ၂၀၂၆ ခုနှစ် နွေဦးပွဲတော်အကြိုည ပဒေသာကပွဲအတွက် တတိယအကြိမ် ဇာတ်တိုက်လေ့ကျင့်မှု အောင်မြင်စွာပြီးမြောက်
Feb 02 • 2:28 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 5 | 0 | 0 | 0 |


