back

၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့

Feb 01 • 8:30 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

၂၀၂၅ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာ...

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သန်း ၉၉၀ ကျော် ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ အဆိုပါကာလအတွင်း မီးလောင်မှု အကြိမ်အရေအတွက်ဟာ ၁၅၉ ကြိမ်ရှိခဲ့ကြောင်းနှင့် အဆိုပါအရေအတွက်မှာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းလာခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။၂၀၂၄ ခုနှစ်မှာတုန်းက မန္တလေးတိုင်းဒေသကြီးအတွင်းမှာ မီးလောင်မှုပေါင်း ၁၈၄ ကြိမ် ဖြစ်ပွားခဲ့ပြီးတော့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃,၈၇၀ ဒသမ ၂၅၉ သန်း ရှိခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ မီးလောင်မှုအကြိမ်ရေ ၁၅၉ ကြိမ်သာ ဖြစ်ပေါ်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၉၉၀ ဒသမ ၇၆၀ သန်းရှိခဲ့တဲ့အတွက် မီးလောင်မှုအကြိမ်ရေ လျော့နည်းကျဆင်းလာသလို ဆုံးရှုံးမှုတန်ဖိုးလည်း လျော့နည်းခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့်လည်း ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားနိုင်စေရန် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ မီးလောင်မှုအကြိမ်ရေ လျော့ကျရုံသာမက ပျက်စီးဆုံးရှုံးမှုတန်ဖိုးလည်း သိသာစွာ လျော့နည်းကျဆင်းလာကြောင်း သိရပါတယ်။ ယခုနှစ်ပွင့်လင်းရာသီမှစ၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လိုက်လံစစ်ဆေးခြင်း၊ သတိပေးလှုံ့ဆော်ခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် မီးလောင်မှုဖြစ်ပွားလာပါက အချိန်နှင့် တစ်ပြေးညီ မီးငြှိမ်းသတ်နိုင်စေရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးသတ်ယာဉ်များ၊ မီးငြှိမ်းသတ်ရန်ရေနှင့်အခြားလိုအပ်သည်များကို အမြဲအဆင်သင့် ပြင်ဆင်ထားရှိကြောင်းလည်း သိရပါတယ်။




news-view-count-icon

28