မန္တလေးရှိပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေးမြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည်ဖော်နေကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။အဆိုပါ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များတွင် ဟိုတယ်လုပ်ငန်းဆောင်ရွက်သူများက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရေး၊ ပြင်ဦးလွင်မြို့သို့ ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြစေရန် ကြိုးစားဆောင်ရွက်ကြရေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန မှတာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ဟိုတယ်များ၏ ပုရဝုဏ်အတွင်း/အပြင်အား အလင်းဖွင့်ခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပြီး အစိမ်းရောင်ဟိုတယ်များဖြစ်စေရန် ကြိုးစားကြရေး၊ ပြင်ဦးလွင်မြို့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရေး
ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ ပြင်ဦးလွင် ရုံးခွဲသို့သွားရောက်ပြီး ရုံးခွဲတွင် တာဝန်ထမ်းဆောင်နေကြသောအရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ဝန်ထမ်းများသည်နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်းဥပဒေ၊နည်းဥပဒေများကိုစနစ်တကျ လိုက်နာကျင့်သုံးရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးရသော ကဏ္ဍတစ်ခု ဖြစ်သောကြောင့်လုပ်ငန်းပိုင်းနှင့် စပ်လျဉ်းသော အရည်အချင်းများ ကျွမ်းကျင် တတ်မြောက်နေရုံသာမက မိမိတို့၏လုပ်ငန်းနယ်ပယ်နှင့် ဆက်စပ်သော ဗဟုသုတများ၊ ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်လာသည့် နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း ဌာနတွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်းများ၊ နည်းပညာသင်တန်းများ၊ဘာသာစကားသင်းတန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ဘက်စုံထူးချွန်ပြီး အရည်အချင်းပြည့်ဝသောဝန်ကြီးဌာနနှင့်နိုင်ငံ့အကျိုး သယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ရှေးဟောင်းအဆောက်အဦးများ ဖြစ်သည့်အတွက် ဟိုတယ်အဆောက်အဦး၊ အခန်းများအား ပြုပြင်မွမ်းမံကြရာတွင် ရှေးမူမပျက် အထူးဂရုပြု ပြင်ဆင်ထိန်းသိမ်းကြရေး၊ လာရောက်တည်းခိုသည့် ဧည့်သည်များအား ဝန်ဆောင်မှုကောင်းများပေးနိုင်ရန် အစဉ်တစိုက်ကြိုးစားကြရေးများကိုလည်း တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။



