back

ကွန်ဂို မိုင်းတွင်း ပြိုကျမှု၌လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့

Feb 01 • 8:47 AM

breaking-news

မြန်မာ

ပြည်ပ

cover

ကွန်ဂို မိုင်းတွင်း ပြိုကျမှု၌လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ရူဘာယာမြို့ရှိ ကိုလ်တန်သတ္တု တူးဖော်နေသည့် မိုင်းတွင်း မိုးသည်းထန်လွန်းခြင်းကြောင့် ဇန်နဝါရီ ၂၈ ရက်က ပြိုကျခဲ့ရာ သေ...

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း ရူဘာယာမြို့ရှိ ကိုလ်တန်သတ္တု တူးဖော်နေသည့် မိုင်းတွင်း မိုးသည်းထန်လွန်းခြင်းကြောင့် ဇန်နဝါရီ ၂၈ ရက်က ပြိုကျခဲ့ရာ သေဆုံးသူပေါင်း ၂၀၀ ကျော်ရှိပြီး နောက်ထပ် သေဆုံးနှုန်း ထပ်မံမြင့်တက်လာဖွယ် ရှိနေသည်။မြောက်ကီဗူခရိုင်အတွင်းမှ ရူဘာယာမြို့ကို M23 သူပုန်အဖွဲ့က ထိန်းချုပ်ထားပြီး ထိုဒေသတွင် စမတ်ဖုန်း၊ ကွန်ပျူတာနှင့် အဆင့်မြင် လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ရာ၌ မရှိမဖြစ် အရေးပါသော ကိုလ်တန်သတ္တုအား ကြီးမားကျယ်ပြန့်စွာ ထုတ်လုပ်နေခြင်းဖြစ်ကာ မိုင်းလုပ်သားများအပြင် ထိုမိုင်းလုပ်ကွက်များအတွင်း မှီခိုနေထိုင်သူ များစွာပါ မိုင်းတွင်ပြိုမှုထဲ ပါဝင်သွားခြင်းဖြစ်ပြီး သေဆုံးနှုန်းကို ယခုအထိ မချင့်တွက်နိုင်သေးဟု မြို့တော်ဝန်က ထုတ်ပြန်သည်။ကယ်ဆယ်ရရှိပြီး မသေဆုံးဘဲ ဆေးရုံတင်ထားရသူ ၂၀ ကျော်ရှိကာ ပျောက်ဆုံး အလောင်းများစွာ ရှိနေသေးပြီး မိုင်းလုပ်ကွက်မှာ အလွန် ကျယ်ပြန့်လာသော်လည်း စနစ်တကျ ပြင်ဆင်ထိန်းသိမ်းခြင်း မပြုဘဲ နှစ်ပေါင်းများစွာ စည်းကမ်းမဲ့ တူးဖော်ခြင်းကြောင့် ယခုလို အသေအပျောက် များခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ရူဘာယာမှ ထွက်သည့် ကိုလ်တန်သတ္တုသည် တစ်ကမ္ဘာလုံးမှ ထွက်သည့် ပမာဏ၏ ၁၅ ရာခိုင်နှုန်းရှိကာ ကွန်ဂိုနိုင်ငံသည် ကိုလ်တန်သိုက်များ ပိုင်ဆိုင်ထားမှု၌ ကမ္ဘာ့ကိုလ်တန် ထွက်ရှိမှု ၅၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။


news-view-count-icon

16