back

ပြည်တွင်းစီးပွားရေးအဆင်ပြေဖို့ တစ်ဖက်တစ်လမ်းအကူအညီရရန် ကိုးကွယ်ယုံကြည်မှုများဖြင့် လုပ်ဆောင်သူများလာ

Feb 01 • 5:41 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းစီးပွားရေးအဆင်ပြေဖို့ တစ်ဖက်တစ်လမ်းအကူအညီရရန် ကိုးကွယ်ယုံကြည်မှုများဖြင့် လုပ်ဆောင်သူများလာ

စီးပွားရေးအဆင်မပြေသူများ ယခုနောက်ပိုင်းတွင်များလာခြင်းကြောင့် တစ်ဖက်တစ်လမ်းမှအကူအညီရလိုရငြား ကိုးကွယ်ယုံကြည်မှုများဖြင့် လုပ်ဆောင်သူများလာကြောင်း သိရသည်။ဗေဒင်နတ...

စီးပွားရေးအဆင်မပြေသူများ ယခုနောက်ပိုင်းတွင်များလာခြင်းကြောင့် တစ်ဖက်တစ်လမ်းမှအကူအညီရလိုရငြား ကိုးကွယ်ယုံကြည်မှုများဖြင့် လုပ်ဆောင်သူများလာကြောင်း သိရသည်။ဗေဒင်နတ်ဆရာများထံ သွားရောက်မေးမြန်းခြင်း၊ ယတြာချေခြင်း စသည်ဖြင့် လုပ် ဆောင်နေကြပြီး အချို့သော ဗေဒင်ဟောခန်းများတွင် လာရောက်သူများခြင်းကြောင့် တစ်ရက်ဟောပေးနိုင်သောလူဦးရေ အရေအတွက်ကန့်သတ် ရခြင်းများလည်း ကြုံလာခဲ့သည်။ဒီရက်ပိုင်းလာမေးတဲ့သူ တော်တော်များများက စီးပွားရေးကိစ္စပေါ့၊ တချို့က ငွေကြေးဆုံးရှုံးမှုတွေ ကြောင့်လည်း လာတာတွေရှိတယ်”ဟုလည်း သင်္ဃန်းကျွန်းမြို့နယ်မှ ဗေဒင်ဆရာတစ်ဦး၏ အနီးတွင် ဝေယျာ၀စ္စလုပ်ကိုင်နေသူ လက်ထောက်တစ်ဦးက ပြောပြသည်။ လာရောက်သူများခြင်းကြောင့် ယခင်ကလူအဝင်သိပ်မရှိခဲ့သည့် ဗေဒင်ဟောခန်းများတွင် တွက်ချက်ဟောပြောရန် Booking တင်ရလောက်သည်အထိ ဖြစ်သွားခြင်းများလည်းရှိခဲ့သည်။ အချို့သော တစ်ရက်ပျမ်းမျှ လူ ၁၀ ဦးဝန်းကျင်သာ လာလေ့ရှိသော ဗေဒင်ဟောခန်းများတွင် နေ့စဉ်ပျမ်းမျှ လူ ၃၀ မှ ၅၀ ကြားအထိ ရှိလာပြီး လာမေးသူမရှိသလောက် ဖြစ်ခဲ့ကြသည့် ဘုရား၊ စေတီ ပရ၀ုဏ်နှင့် စောင်းတန်းများအနီးရှိသော ဗေဒင်ဟောခန်းများ၌လည်း လာရောက်မေးမြန်းသူများ အများအပြားဖြင့် စည်ကားလာလျက်ရှိသည်။ဟောခန်းဖွင့်ခြင်းမျိုးမဟုတ်ဘဲ ဘုရားစေတီရင်ပြင်နေရာများနှင့် ပရ၀ုဏ်များအတွင်း ဗေဒင်ဟောပေးသူ၊ လက္ခဏာကြည့်ပေးသူနှင့် အနာဂတ်ကံကြမ္မာကြည့်ပေးသူများလည်းရှိလာခြင်းကြောင့် ဘုရားရင်ပြင်တွင် မပြုလုပ်ကြရန် ဂေါပကအဖွဲ့ဝင်များမှ စောင့်ကြည့်၍မောင်းထုတ်နေရသောအဖြစ်မျိုးလည်း ဘုရားစေတီအချို့တွင် ရှိလာခဲ့ကြောင်း သိရသည်။


news-view-count-icon

19