back

ရန်ကုန် နဲ့ မန္တလေး လေဆိပ် တွေ မှာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးတဲ့လုပ်ငန်း တွေ ဆောင်ရွက်နေလို့ဆို

Feb 01 • 5:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရန်ကုန် နဲ့ မန္တလေး လေဆိပ် တွေ မှာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးတဲ့လုပ်ငန်း တွေ ဆောင်ရွက်နေလို့ဆို

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွေ မှာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးတဲ့ လုပ်ငန်း တွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။အပ...

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မန္တလေးတံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်တွေ မှာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုစစ်ဆေးတဲ့ လုပ်ငန်း တွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်။အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင် ၊ထွက်ဂိတ် တွေ မှာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှု စစ်ဆေးတဲ့ လုပ်ငန်း တွေ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေပါတယ်လို့ " ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဆိုပါတယ်။ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ လူဝင်မှုဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်း ကျန်းမာရေးဌာနစိတ် က ကျန်းမာရေးဝန်ထမ်း တွေ ဟာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်၊ ကာလကတ္တားမြို့ က နေ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို ပုံမှန်ပြေးဆွဲ နေတဲ့ MAI လေကြောင်း လိုင်းလေယာဉ်ခရီးစဉ်အမှတ်- 8M608 နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ရောက်လာတဲ့ လေယာဉ် မှာ လိုက်ပါလာတဲ့ ခရီးသည် တွေကို ကိုယ်အပူချိန်မြင့်တက်တာ ရှိ/မရှိ နဲ့သံသယနီပါးရ်ဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုတာ ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။စောင့်ကြပ်ကြည့်ရူမှု အရ သံသယလူနာမတွေ့ရှိရသလို ၊ ခရီးသည် တွေ ကို မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာ နဲ့ နီပါးဗိုင်းရပ်စ် ရောဂါနဲ့ ပတ်သက် တဲ့ ခရီးသွားပြည်သူ တွေ ကို အသိပေးချက် လက်ကမ်းစာစောင်တွေ ဝေငှခဲ့တယ်လို့သိရပါတယ်။ဆက်လက် ပြီး အသိပေးဗီနိုင်း တွေ ထားရှိပြီး ကျန်းမာရေးအသိပညာပေးတာတွေကို ဆောင်ရွက်ထားတယ်လို့သိရှိရပါတယ်။



news-view-count-icon

30